
Hosted by SBS · MY

၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီညမှာ ဩစတြေးလျနိုင်ငံအတွင်း ရှိနေသူတိုင်း စာရင်းထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပါတယ်။

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။

နှစ်စဉ် သတင်းတွေမှာ Garma Festival ဂါးမ ပွဲတော်အကြောင်း ကြားဖူးကြပါလိမ့်မယ်။ အထူးသဖြင့် သြစတြေးလျရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက Arnhem Land မြောက်အရှေ့ပိုင်းဆီ သွားရောက်တက်ရောက်ကြတဲ့ အခါမျိုးမှာ အဲဒီအကြောင်း ကြားကြရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းမှ ထုတ်ဖော်ပေးနေသည့် "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" သည် ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဟာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေးတို့အတွက် နှစ်ရှည်လများ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အသစ် ဘန် ကာရိုးလ်ဟာ ဂျာစင်တာ အလန် (Jacinta Allan) ကို ရာထူးကနေ ဖယ်ရှားပြီး ထိပ်တန်းခေါင်းဆောင်နေရာကို ရယူခဲ့ပြီးနောက်၊ လေဘာပါတီရဲ့ ကျဆင်းနေတဲ့ မျက်နှာပန်းကို ပြန်လည် ဆယ်တင်ဖို့အတွက် လေးလအချိန် ရရှိထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းကနေ ထုတ်ဖော်ပေးနေတဲ့ "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" ဟာ ရန်ပုံငွေ ပြတ်တောက်မှုကြောင့် သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။