
Hosted by Z-Lann · MY

ဂီတနက်သန်ကိုစောညိန်းရဲ့ ချစ်ပြုံးနှင်းဆီ သီချင်းသံလေး ကြားလိုက်ရတိုင်း၊ ဆံနွယ်ထက်မှာ ဂုဏ်တင့် တယ်ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို ဖတ်မိတိုင်း ကျွန်တော်တို့ရင်ထဲကို အရင်ဆုံး ရောက်မိတာက 'နှင်းဆီ' ပါပဲ။ နှင်းဆီဟာ ဂန္တဝင်ဆန်တယ်၊ သင်းပျံ့မူးဖွယ်ကောင်းတယ်၊ ဆွဲဆောင်မှုအားပြင်းတယ်။ နှင်းဆီကို ပန်းတို့ရဲ့ဘုရင် မလို့ တင်စားခေါ်ဝေါ်ကြသလို ချစ်ခြင်းရဲ့သင်္ကေတလို့ သတ်မှတ်ကြပါတယ်။ ဒီလို ဂန္ထဝင်ဆန်လှတဲ့ နှင်းဆီပန်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀ ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး၊ ကလီယိုပတ်ထရာ ဘုရင်မကြီးကနေ ရောမဧကရာဇ်တွေအထိ ခေတ်အဆက်ဆက်မှာ ချမ်းသာကြွယ်ဝမှုနဲ့ ထာဝရအချစ်ရဲ့ သင်္ကေတအဖြစ် တန်ဖိုးထားခြင်း ခံခဲ့ရပါတယ်။ဒီနေ့မှာတော့ အချစ်နဲ့ အလှအပရေးရာတွေမှာတင်မကဘဲ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ အနုပညာနယ်ပယ်အထိ နာမည်ကြီးလူကြိုက်များတဲ့ နှင်းဆီပန်းအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပန်းရဲ့မာန နှင်းဆီပြဆို

နှင်းဆီပြီးရင် အချစ်ရဲ့ သင်္ကေတလို့ နာမည်ကြီးတာက ကျူးလစ်ပန်းလေးတွေပါ။ ကျူးလစ်ပန်းလို့ပြောလိုက်ရင် နယ်သာလန် ကျေးလက်ဒေသတစ်လျှောက်က စိမ်းလန်းစိုပြေတဲ့ ကျူလစ်ပန်းခင်းကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ကျူးလစ်ပန်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းအချက်အလက်တစ်ခုက မြန်မာ့သမိုင်းမှာ သဇင်ပန်းတွေဟာ တန်ဖိုးကြီးသလို ရှေးခေတ်ကမ္ဘာ့သမိုင်းမှာလည်း ကျူးလစ်ပန်းတွေက ဈေးအကြီးဆုံး ၊ တန်ဖိုးအကြီးဆုံးပန်း တွေ ဖြစ်ခဲ့ကြပါတယ်တဲ့။အဲ့ဒီခေတ်မှာ ကျူးလစ်ပန်းတွေဟာ ရွှေထက်ပိုတန်ဖိုးကြီးလာခဲ့ပြီး လူတွေဟာ မြေတွေ၊အိမ်တွေ၊ စက်ရုံတွေရောင်းချရင်း ကျူးလစ်ပန်းတွေကိုအလုအယက်ဝယ်ယူခဲ့ကြတဲ့ဖြစ်ရပ်အထိ ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ ဘာကြောင့်များ အဲဒီခေတ်က လူတွေဟာ ကျူးလစ်ပန်းလေးတစ်ပွင့်ကို ပိုင်ဆိုင်ရဖို့အတွက် ပိုင်ဆိုင်သမျှအ ရာအားလုံးကို ပုံအောရောင်းချကြတာလဲဆိုတာကို သိချင်ကြရင်တော့ ဇာတ်လမ်း Z-Lannရဲ့ “ရာသီမ သိပန်းနဲ့ညှိ”အစီအစဉ်လေးမှာ ၀င်ရောက်နားစဥ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဆောင်းအကုန် နွေအကူး ရာသီအကွေ့မှာတော့ နွေဦးကို ကြိုဆိုတဲ့အနေနဲ့ ရွှေရောင်တောက်တောက် ကံ့ကော် ပန်းလေးတွေ ဝေနေအောင် ပွင့်လန်းလာခဲ့ပါပြီ။ တန်ခူးလရဲ့ ရာသီပန်းဟာ ပိတောက်လို့ လူအများက ထင်မှတ် ထားကြပေမယ့် တကယ်တမ်းမှာတော့ ရှေးနန်းတွင်းသူတွေ တယုတယ ပန်ဆင်ခဲ့ကြတဲ့ ကံ့ကော်ပန်းလေးက သာ တန်ခူးလရဲ့ ကိုယ်စားပြု တော်ဝင်ပန်းပဲ ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလတွေနဲ့အတူ ရနံ့သင်းပျံ့စွာ ပွင့်လန်းတတ်တဲ့ ဒီကံ့ကော်ပန်းလေး တွေရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ကံ့ကော်ပွင့်ယှက် ရင်သို့ခတ်စေ#ကံ့ကော်ပန်း #ဇာတ်လမ်း #တန်ခူးလ

ခရမ်းရောင်လှိုင်းလုံးကြီးတွေလို ဝေဆာနေတဲ့ လာဗန်ဒါ (Lavender) ပန်းလေးတွေဟာ သန့်စင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ လက်တင်ဘာသာစကား "Lavare" (သန့်စင်ခြင်း) ကနေ ဆင်းသက်လာတဲ့ လာဗန်ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ရှေးအီဂျစ်နဲ့ ရောမလူမျိုးတွေက နံ့သာဆီနဲ့ အမွှေးနံ့သာ ကုထုံးတွေမှာ အသုံးပြုခဲ့ကြပါတယ်။ သမိုင်းအထောက်အထားအရ တူတန်ခါမန်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လှစ်ချိန်မှာတောင် လာဗန်ဒါပန်းရဲ့ သင်းပျံ့တဲ့ရနံ့ကို ရရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ယနေ့ခေတ်မှာလည်း လာဗန်ဒါပန်းရနံ့ကို စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ အပန်းဖြေဖို့အတွက် ရေမွှေး၊ ဆေးဝါးနဲ့ Aromatherapy တို့မှာ အဓိက အသုံးပြုနေကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ "ပွင့်ကြူရွက်သင်း လာဗန်ဒါပန်းခင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာဗန်ဒါပန်းလေးတွေရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ စိတ်ဝင်စားဖွယ် ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပွင့်ကြူရွက်သင်းလာဗန်ဒါပန်းခင်း #Lavender #လာဗန်ဒါ

ဒီနေ့ ဇာတ်လမ်း Z-Lann Page လေးကနေ ရောင်စုံလိပ်ပြာလေးတွေလို အလှကြွယ်တဲ့ သစ်ခွပန်းလေးတွေရဲ့ ထူးခြားတဲ့ သဘာဝ၊ ပုံပန်းသဏ္ဌာန်နဲ့ အဆင်အသွေးတို့အကြောင်းကို ပြောပြပေးချင်ပါတယ်။ သစ်ခွပန်းဟာ ကမ္ဘာ့ပန်းလောကမှာ တန်ဖိုးအထားရဆုံးနဲ့ ဈေးအမြင့်ဆုံး ပေးရတတ်တဲ့ ပန်းတစ်မျိုး ဖြစ်ပါတယ်။မြန်မာစာပေအဆိုအရ ရှေးမြန်မာမင်းများလက်ထက်မှာ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ "သဇင်ပန်း" ကို “ပန်းများဘုရင်” လို့ ချီးကျူးခေါ်ဝေါ်ကြပြီး တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကောင်းလေးကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ “ရဂုံနန်း ပန်းတောထဲက သစ်ခွ” ဆိုတဲ့ သစ်ခွပန်းလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရဂုံနန်းပန်းတောထဲကသစ်ခွ #သစ်ခွ #သဇင်ပန်း #ပန်းများဘုရင် #မြန်မာ့ပန်း #Orchid #MyanmarOrchids #RoyalFlower

ဒီနေ့မှာတော့ ဟိုတယ်ထဲဝင်လိုက်တာနဲ့ Galaxyထဲ ရောက်သွားသလို ခံစားချက်အပြည့်ပေးစွမ်းနိုင်တဲ့ တရုတ်နိုင်ငံ မာကာအိုဒေသ Cotai မှာဖွင့်လှစ်ထားတဲ့ ဟိုတယ်လေးအကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ကာစီနိုကစားဝိုင်းတွေ တည်ရှိရာနေရာဖြစ်တဲ့ Galaxy Hotel Macauဟာ LED ဖန်သားပြင်တွေနဲ့ ဖန်တီးထားတဲ့ နက္ခတ်တာရာတွေ၊ တောက်ပနေတဲ့ ကြယ်အစုအဝေးပုံစံတွေနဲ့ အလှဆင်ဖန်တီးထားတာဖြစ်လိုတခြားကမ္ဘာတစ်ခုကို ရောက်သွားသိလိုမျိုး ခံစားရမှာ ဖြစ်ပါတယ်။Galaxy Hotel Macauရဲ ထူးခြားချက်ကဒါပဲလားဆိုရင် မဟုတ်သေးပါဘူး။ ဒီနေ့ ဇာတ်လမ်း Z-Lannရဲ့ “ ထူးခြားဆန်းပြား ဟိုတယ်များ ” အစီအစဉ်ကနေ Galaxy Hotel Macauရဲ့ ထူးခြားချက်များနဲ့ ဟိုတယ်ရဲ့ လူသိနည်းတဲ့ သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ထူးခြားဆန်းပြားဟိုတယ်များ #GalaxyHotelMacau